Sunday, April 24, 2016

စွမ်းအား

ချစ်တယ်ဆိုတဲ့စကားထက်လေးနက်ယုံကြည်ခြင်းဟာ
တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လေးစားတန်ဘိုးထားခြင်းသာဖြစ်တယ်
ခက်ခဲပါတယ်ဆိုတဲ့အရာတွေတောင်ယုံကြည်စိတ်နဲ့ကျော်လွှားရင်အောင်မြင်နိုင်မှာ
မေတ္တာစိတ်နဲ့သာမြင်ကြည့်ရင်အပြစ်ဆိုတာမြူမှုန်တစ်ခုမျှသာပဲ
အချစ်ဟာတကယ်တော့သိပ်အံ့သြစရာကောင်းတယ်
အားနည်းချက်တွေထက်အားသာချက်တွေကိုသာရှာကျန်မြင်တတ်သလို
အချိန်တိုင်းပြောင်းလဲနေတဲ့မျက်နှာအရိပ်အကဲတောင်စက္ကန့်မလပ်ဘာသာပြန်နိုင်စွမ်းရှိတယ်
ရင်ခုန်သံထပ်တူညီစွာနားလည်မှုနဲ့နွေးထွေးနေမယ်ဆိုရင်ဘယ်လောက်တောင်ကြည်နူးစရာကောင်းလိုက်မလဲ...

No comments: