Saturday, October 26, 2019

သမီးလေးအတွက်...မှတ်စု ၁


သမီးလေးမျက်နှာစမြင်လိုက်ရတဲ့အချိန်ကစလို့သမီးလေးဟာမေမေ့ရဲ့အရာအားလုံးပါ...သမီးလေးပျော်ရင်မေမေပျော်သလိုသမီးလေးငိုရင်မေမေစိတ်ညှိုးနွမ်းရတယ်..သမီးလေးကိုထားခဲ့ပြီးမေမေအလုပ်လုပ်ဖို့ထွက်ခွာလာခဲ့တဲ့နေ့ဟာမေမေဘဝရဲ့မမေ့နိုင်သောနေ့ရက်လေးပါ...အဲ့ဒီနေ့မနက်ခင်းကသမီးလေးအိပ်ပျော်နေခဲ့တယ်...အနမ်းတွေပေးပြီးထွက်ခွာလာရတဲ့မေမေ့ရင်ကနာကျင်လွန်းလှပါတယ်...သမီးလေးနဲ့ခွဲပြီးအလုပ်လုပ်နေခဲ့တာမှန်သလားမှားသလားဒီကနေ့အထိမဝေခွဲနိုင်ခဲ့ပေမယ့်မေမေဆုံးဖြတ်ချက်ချလိုက်တဲ့အရာတိုင်းကသမီးလေးအတွက်ပါ...မေမေ့သမီးကိုအကောင်းဆုံးတွေပေးချင်တယ်...မေမေလက်တွေနဲ့မေမေနိုင်သမျှအားတွေနဲ့ပြုစုပျိုးထောင်နိုင်ဖို့အတွက်အခိုင်အတန့်တခုအထိခွဲနေရအုံးမယ်...သမီးလေးအပေါ်မှာထားရှိတဲ့မေမေရဲ့အချစ်မေတ္တာတွေကိုတနေ့မှာသမီးလေးခံစားနားလည်နိုင်ပါစေကွယ်...ဘိုးဘိုးဘွားဘွား၊ဦးဦးဒေါ်ဒေါ်တွေရဲ့မေတ္တာတွေနဲ့ချစ်သမီးလေးကျန်းမာပျော်ရွှင်ပါစေကွယ်....

Thursday, February 14, 2019

My day

ရှုပ်ထွေးလွန်းတဲ့လူဘဝမှာ
ကိုယ်သာသူနဲ့မဆုံဖြစ်ခဲ့ရင်
အခုလိုအားတင်းနေနိုင်ပါ့မလား
အစုန်အဆန်ခူးခတ်နေရတဲ့လူဘဝမှာ
ဘဝရဲ့အတက်အကျတွေအတွက်
အားကိုးရာ ပုခုံးတစ်ဖက်နဲ့တင်
နေပျော်ခဲ့ရပါတယ်
ကိုယ့်အတွက်အသက်ရှူတဲ့စက္ကန့်တိုင်းမှာ
ဝေးနေ နီးနေတာထက်
သူရှိနေတယ်ဆိုတဲ့အသိနဲ့တင်
အားအင်အပြည့်နဲ့နေ့ရက်တိုင်းမှာ

နေပျော်ရပါတယ်....