Friday, February 19, 2016

သံယောဇဉ်ဆိုတာ

တခုကိုလိုချင်ရင် တခုကိုစွန့်လွှတ်ရတာသဘာဝဆိုရင်
ကိုယ့်ရဲ့စွန့်လွှတ်ခြင်းဟာ အနစ်နာခံခြင်းသာဖြစ်လိုတယ်
ဘ၀မှာပြည့်စုံမှုထက်နားလည်ပေးနိုင်မှုပိုလိုအပ်တယ်ဆိုရင်
အားသာချက်ကိုလက်ခံပြီး အားနည်းချက်ကိုလည်းလျစ်လျူရှုနိုင်ရမှာပေါ့
လူသားတစ်ဦးတိုင်းစီမှာ မတူညီသောကွဲပြားခြားနားခြင်းတွေရှိတယ်ဆိုရင်
ကောင်းတာကိုလက်ခံပြီး ဆိုးတာကိုလည်းပြုပင်ပေးနိုင်ရမှာပေါ့
သံယောဇဉ်ဆိုတာခိုင်မြဲနေရင် အခက်အခဲဆိုတာ အလွယ်တကူကျော်လွှားနိုင်မှာပါ

Sunday, February 14, 2016

ကိုယ့်ရဲ့နေ့

ကိုယ့်အတွက်ကတော့
သူ့ကိုချစ်နေရတဲ့
နေ့ရက်တိုင်းကချစ်သူများနေ့ပါပဲ
တခါတလေအချစ်က
စကားနဲ့ဖွင့်ပြောဖို့မလိုအောင်
ခံစားမှုကရိုးရှင်းနက်ရှိုင်းတယ်
နွေးထွေးတဲ့ပွေ့ဖက်မှုတွေနဲ့
နှလုံးသားတွေနီးကပ်စေတယ်
ကိုယ့်အတွက်ကတော့
ဘယ်နေရာပဲရောက်ရောက်
ဘယ်သူနဲ့ရှိနေချိန်ဖြစ်ဖြစ်
အချိန်တွေမအားမလပ်ဖြစ်နေလည်း
သတိရချင်နေသေးတယ်...