Thursday, February 14, 2019

My day

ရှုပ်ထွေးလွန်းတဲ့လူဘဝမှာ
ကိုယ်သာသူနဲ့မဆုံဖြစ်ခဲ့ရင်
အခုလိုအားတင်းနေနိုင်ပါ့မလား
အစုန်အဆန်ခူးခတ်နေရတဲ့လူဘဝမှာ
ဘဝရဲ့အတက်အကျတွေအတွက်
အားကိုးရာ ပုခုံးတစ်ဖက်နဲ့တင်
နေပျော်ခဲ့ရပါတယ်
ကိုယ့်အတွက်အသက်ရှူတဲ့စက္ကန့်တိုင်းမှာ
ဝေးနေ နီးနေတာထက်
သူရှိနေတယ်ဆိုတဲ့အသိနဲ့တင်
အားအင်အပြည့်နဲ့နေ့ရက်တိုင်းမှာ

နေပျော်ရပါတယ်....