Saturday, July 26, 2008

မောင်

ရင်ခုန်ခြင်း,မျှော်လင့်ခြင်း,
ကြည်နူးခြင်း,၀မ်းနည်းခြင်း,ပျော်ရွှင်ခြင်းတွေကို
တစ်ပြုင်နက်ပေးစွမ်းနိုင်သူ.......

အခြေအနေတွေနီးခြင်း...ကွာခြားခြင်း
နိယာမတရားထဲ
ကိုယ့်ရင်မှာဝင်ရောက်စိုးမိုး
နေရာယူခဲ့တာကြာပါပြီ.......

ခါးသီးတဲ့နေရက်တွေ ကျော်ဖြတ်
ရင်ခုံသံမျှော်လင့်ချက်တွေနှင့်
မောင်နှင့် ဆုံဆည်းရက်မျှော်မှန်း
အလွမ်းတွေသာပိုလာတယ်.......

(၂၆.၇.၂၀၀၈)

Tuesday, July 22, 2008

ဆုံဆည်းရာ

ကြယ်ရောင်စုံလင်းလက်နေတဲ့ကောင်းကင်ဟာ.......
ပင်လယ်လေကို
တပ်မက်စွာ
နမ်းခဲ့ဖူးတယ်
သက်တန့်တွေဟာ
မိုးကုတ်စက်ဝိုင်းကို မုန်းတယ်တဲ့
အဲဒီလို.......
ဖြစ်ချင်တာတွေဟာ
ဖြစ်နေတာတွေနဲ့ မတူညီခဲ့ပါ။

စကြာဝဠာကြီးထဲက
ဥက္ကာခဲအပိုင်းအစတွေဟာ
ဦးတည်ချက်မဲ့ လွင့်မျောရင်းကပဲ
တစ်ခုနဲ့တစ်ခုတိုက်မိနေကြတယ်......

ကမ္ဘာကြီးက
စကြာဝဠာ လောက်မကြယ်ပေမယ့်
ဘာလို့များ
မင်းနဲ့ငါ လွဲနေရတာလဲ.......

တလွင့်လွင့်လှုပ်ခတ်နေတဲ့
ပြက္ခဒိန်ကို လှမ်းမျှော်ရင်း
ကိုယ်အလွမ်းကြီးလွမ်းနေမိပါတယ်
ချစ်သူရယ်.......

အချစ်ဆိုတာ

အချစ်ဆိုတာဘာအရောင်လဲ......
လူတစ်ယောက်ကို ချစ်ရင် " ဒါနောက်ဆုံးအချစ် " လို့ ထင်မှတ်ပြီး ချစ်မှ ပေးဆပ်ခြင်းကို နားလည်မယ်။
လူတစ်ယောက်ကို ချစ်ရင် " ဒါနောက်ဆုံးတစ်ရက် " လို့ ထင်မှတ်ပြီး ချစ်မှ တန်ဖိုးထားရမှန်း ချစ်မှ နားလည်မယ်။

လူတစ်ယောက်ကို ချစ်ရင်.......
နားလည်ပေးတတ်ရမယ် အပြန်အလှန် နားလည်မှုကိုလည်း ယူတတ်ရမယ်။
တောင်းပန်တတ်ရမယ် ကျေးဇူးတင်ကြောင်းလည်း ပြောတတ်ရမယ်။
အမှားကို ၀န်ခံတတ်ရမယ် ..အမှားကိုလဲ ပြင်တတ်ရမယ်။
ကြင်နာတတ်ရမယ် ခွင့်လွှတ်တတ်ရမယ်။
ရင်ဖွင့်တတ်သလို သူပြောတာကိုလဲ နာထောင်ပေးတတ်ရမယ်။
သီးခံတာမဟုတ်ဘဲ လက်ခံတာဖြစ်ရမယ်......