Monday, March 19, 2018

မနက်ဖြန်

မနက်ဖြန်တဲ့လား
ဘာတွေဖြစ်မယ်မှန်း ကြိုတင်မသိနိုင်ဘူး
မျှော်လင့်ချက်တွေရယူနိုင်မလား
မမျှော်လင့်ထားတဲ့အရာတွေလက်ခံရမလား
စီစဉ်ထားတာတွေအကောင်ထည်ဖော်နိုင်မလား
စိတ်အလိုမကျမှုတွေလက်ခံရမလား
စောင့်မျှော်ပါတယ် ပေးချင်တာပဲပေးပါတော့
မရေရာချင်းများစွာထဲကမှဒီကနေ့ရဲ့လက်ရှိအချိန်
အသက်ရှူခွင့်ရနေတဲ့ စက္ကန့်တိုင်း
သူ့လက်ကိုတွဲပြီးအရာရာကိုရင်ဆိုင်လိုက်တော့မယ်…