Wednesday, October 14, 2020

14.10.2017 to 14.10.2020

 

အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလို့သုံးနှစ်တာကာလမှာကိုယ်တွေရဲ့အချစ်သင်္ကေတမှတ်တိုင်လေးအရချစ်စရာသမီးလေးတစ်ယောက်ရလာတယ်...ဘဝနှစ်ခုပေါင်းစပ်လို့အတူကြိုးစားရုန်းကန်လာရင်းနဲ့တွဲသောလက်တွေပိုခိုင်မြဲလာတယ်...တွေ့ဆုံချင်းကစ၍ယနေ့ထိတိုင်မပြောင်းလဲတဲ့ချစ်ခြင်းမေတ္တာတာတွေနဲ့အတူရှိနေပေးတဲ့အတွက်ကျေးဇူးတင်ရင်းနောင်နှစ်ပေါင်းများစွာအထိမိသားစုအတူပျော်ရွှင်စွာနေနိုင်ဖို့ဆုမွန်ကောင်းတောင်းပါတယ်....


Saturday, October 26, 2019

သမီးလေးအတွက်...မှတ်စု ၁


သမီးလေးမျက်နှာစမြင်လိုက်ရတဲ့အချိန်ကစလို့သမီးလေးဟာမေမေ့ရဲ့အရာအားလုံးပါ...သမီးလေးပျော်ရင်မေမေပျော်သလိုသမီးလေးငိုရင်မေမေစိတ်ညှိုးနွမ်းရတယ်..သမီးလေးကိုထားခဲ့ပြီးမေမေအလုပ်လုပ်ဖို့ထွက်ခွာလာခဲ့တဲ့နေ့ဟာမေမေဘဝရဲ့မမေ့နိုင်သောနေ့ရက်လေးပါ...အဲ့ဒီနေ့မနက်ခင်းကသမီးလေးအိပ်ပျော်နေခဲ့တယ်...အနမ်းတွေပေးပြီးထွက်ခွာလာရတဲ့မေမေ့ရင်ကနာကျင်လွန်းလှပါတယ်...သမီးလေးနဲ့ခွဲပြီးအလုပ်လုပ်နေခဲ့တာမှန်သလားမှားသလားဒီကနေ့အထိမဝေခွဲနိုင်ခဲ့ပေမယ့်မေမေဆုံးဖြတ်ချက်ချလိုက်တဲ့အရာတိုင်းကသမီးလေးအတွက်ပါ...မေမေ့သမီးကိုအကောင်းဆုံးတွေပေးချင်တယ်...မေမေလက်တွေနဲ့မေမေနိုင်သမျှအားတွေနဲ့ပြုစုပျိုးထောင်နိုင်ဖို့အတွက်အခိုင်အတန့်တခုအထိခွဲနေရအုံးမယ်...သမီးလေးအပေါ်မှာထားရှိတဲ့မေမေရဲ့အချစ်မေတ္တာတွေကိုတနေ့မှာသမီးလေးခံစားနားလည်နိုင်ပါစေကွယ်...ဘိုးဘိုးဘွားဘွား၊ဦးဦးဒေါ်ဒေါ်တွေရဲ့မေတ္တာတွေနဲ့ချစ်သမီးလေးကျန်းမာပျော်ရွှင်ပါစေကွယ်....

Thursday, February 14, 2019

My day

ရှုပ်ထွေးလွန်းတဲ့လူဘဝမှာ
ကိုယ်သာသူနဲ့မဆုံဖြစ်ခဲ့ရင်
အခုလိုအားတင်းနေနိုင်ပါ့မလား
အစုန်အဆန်ခူးခတ်နေရတဲ့လူဘဝမှာ
ဘဝရဲ့အတက်အကျတွေအတွက်
အားကိုးရာ ပုခုံးတစ်ဖက်နဲ့တင်
နေပျော်ခဲ့ရပါတယ်
ကိုယ့်အတွက်အသက်ရှူတဲ့စက္ကန့်တိုင်းမှာ
ဝေးနေ နီးနေတာထက်
သူရှိနေတယ်ဆိုတဲ့အသိနဲ့တင်
အားအင်အပြည့်နဲ့နေ့ရက်တိုင်းမှာ

နေပျော်ရပါတယ်....

Saturday, June 9, 2018

အချစ်ရဲ့နောက်ဆက်တွဲ

အချစ်ဆိုတဲ့အရာကိုရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ..ကိုယ်တွေနှစ်ယောက်..ဘဝဆိုတဲ့ခရီးလမ်းပေါ်မှာ..မျှော်လင့်ချက်၊ယုံကြည်ချက်၊ကြင်နာဖေးမှုတွေနဲ့အတူ..တနေဝင်၊တနေထွက်..လျောက်လမ်းကျတယ်၊ရုံးဖွင့်ရက်တွေမှာ..အတူတိုက်ပွဲဝင်ရင်း၊ရုံးပိတ်ရက်တွေဆို..လက်ချိုးရေတွက်လို့..ပျော်ရွှင်ကြည်နူးကျတယ်..တခါတလေတော့လည်း..အကြောင်းအရာမရှိ..စိတ်ကောက်၊ဗိုက်ဆာတဲ့အခါ..စိတ်ကောက်၊အလိုမကျတဲ့အခါစူပုတ်..များစွာသောအရာတွေအတွက်..မငြိုငြင်ရှာတဲ့သူ့ကိုအချစ်ပိုရပြန်တယ်၊ဒီလိုအမြဲရှေ့လျောက်သီးခံပါကွယ်..ဖူးစာဆိုတာဆန်းကျယ်သားနော်..တချိန်သောအခါကအမှတ်မထင်ဆုံတွေ့ခဲ့တဲ့သူကို..သတိရတိုင်းဘေးမှာရှိနေပါလားဆိုတဲ့အတွက်ကျေနပ်ပျော်ရွှင်ရပြန်တယ်..

Monday, March 19, 2018

မနက်ဖြန်

မနက်ဖြန်တဲ့လား
ဘာတွေဖြစ်မယ်မှန်း ကြိုတင်မသိနိုင်ဘူး
မျှော်လင့်ချက်တွေရယူနိုင်မလား
မမျှော်လင့်ထားတဲ့အရာတွေလက်ခံရမလား
စီစဉ်ထားတာတွေအကောင်ထည်ဖော်နိုင်မလား
စိတ်အလိုမကျမှုတွေလက်ခံရမလား
စောင့်မျှော်ပါတယ် ပေးချင်တာပဲပေးပါတော့
မရေရာချင်းများစွာထဲကမှဒီကနေ့ရဲ့လက်ရှိအချိန်
အသက်ရှူခွင့်ရနေတဲ့ စက္ကန့်တိုင်း
သူ့လက်ကိုတွဲပြီးအရာရာကိုရင်ဆိုင်လိုက်တော့မယ်…

Tuesday, December 26, 2017

နှစ်သစ်ကိုကြိုဆိုခြင်း

နွေမိုးဆောင်းသုံးရာသီထဲကအချမ်းဆုံးလဖြစ်တဲ့ဒီဇင်ဘာက..ခုနစ်တစ်ခုရဲ့နောက်ဆုံးလဖြစ်တယ်…ချစ်စရာကောင်းလှတဲ့ဆောင်းဝေရီမနက်ခင်းလေးတွေမှာအနွေးထည်ကိုယ်စီနဲ့ကိုယ်လက်လှုပ်ရှားရင်းမိသားစုအတူပြုံးပျော်နေနိုင်တဲ့အမှတ်တရတွေကိုပေးစွမ်းနိုင်တဲ့ကြည်နူးရတဲ့ရာသီဆိုရင်လည်းမမှားပါဘူး…ဘဝရဲ့အခြေအနေကြောင့်ဝေးကွာနေကြပေမယ့်စိတ်ထဲမှာတော့ဒီိရာသီရောက်လာတိုင်းချစ်စရာဆောင်းနှင်းဖြူဖြူလေးတွေကိုသာသတိရနေမိတယ်…နှစ်ဟောင်းကုန်လို့အသစ်ကိုကြိုဆိုရမယ့်အချိန်ကိုရောက်လာပြန်တော့တနှစ်တာအတွင်းကုန်လွန်ခဲ့တဲ့အမှတ်တရတွေကိုသိမ်ဆည်းထုတ်ပိုးရပြန်တယ်…မကြာခင်အချိန်မှာရောက်ရှိလာတော့မယ့်နှစ်သစ်မှာဖြစ်ချင်တဲ့ဆန္ဒတွေကတော့မိသားစုတွေကိုစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာနဲ့အေးချမ်းစေချင်တယ်…ကိုယ်တို့နှစ်ယောက်အတူတည်ဆောက်ထားတဲ့ဘဝလေးမှာစိတ်ချမ်းသာပျော်ရွှင်ကျန်းမာစွာနဲ့အပူပင်ကင်းစွာနေနိုင်ဖို့မျှော်လင့်မိတယ်…ကံကောင်းခြင်းတွေနဲ့နှစ်သစ်ကိုလှမ်းမျှော်ကြိုဆိုပါတယ်…

Thursday, December 21, 2017

မင်္ဂလာဦး…မှတ်တမ်း

သူနဲ့ကိုယ်က…ချစ်သူသက်တမ်း၁နှစ်နဲ့ဆယ်လအကြာမှာဘဝနှစ်ခုပေါင်းစပ်လို့ခရီးလမ်းတခုကိုစတင်လျောက်လှမ်းခဲ့တယ်…တယောက်အကြောင်းကိုတယောက်ပိုနားလည်ခဲ့တယ်...အိမ်မက်တွေကိုလက်တွေ့အကောင်ထည်ရင်းတယောက်လက်ကိုတယောက်တွဲလို့နှစ်ယောက်တစ်ဘဝထူထောင်ခဲ့တယ်…မြတ်နိုးယုယခြင်း၊ကြင်နာခြင်း၊နားလည်ခြင်းတွေနဲ့နေ့ရက်တိုင်းပျော်စရာကောင်းတယ်..ကိုယ့်တို့ရဲ့ချစ်ခြင်းမေတ္တာနဲ့တည်ဆောက်ထားတဲ့သံယောစဉ်ကလောကဓံကိုလုံအောင်မိုးပေးတယ်…သူ့မေတ္တာတွေကကိုယ့်ကိုခမ်းနားစေခဲ့တယ်..သူ့ရဲ့ချစ်ခြင်းမေတ္တာတွေ၊နွေးထွေးမှုတွေနဲ့မနက်ခင်းတိုင်းအပူပင်ကင်းစွာနိုးထစေတဲ့အတွက်အရာအားလုံးကိုကျေးဇူးတင်ပါတယ်..…ကိုယ့်အတွက်..သူနဲ့အတူရှိတဲ့အချိန်တိုင်းကအပျော်ဆုံးပဲ...