Monday, December 14, 2015

သူ

အပြုံးတွေထာဝစဉ်ဖူးပွင့်စေဖို့
ခိုင်မြဲသောမေတ္တာတွေဖြင့်ပျိုးပေးချင်တယ်…
နွမ်းလျမောပန်းနေတဲ့တိမ်တိုက်တွေအကြား
နှလုံးသားအလွမ်းသင့်မျက်ရည်မိုးများအတွက်
ဆောင်းနှင်းစက်နဲ့အတူလွင့်ပျောက်စေပြီး
နွေဦးရဲ့ရင်ခွင်အနွေးဓါတ်နဲ့အတူ
အပြစ်ကင်းစင်တဲ့ချစ်ခြင်းကောင်းကင်အောက်မှာ
သူ့လက်ဖ၀ါးလေးကိုဆုပ်ကိုင်ရင်း
မပျက်စီးနိုင်တဲ့ သံယောဇဉ် ချစ်မေတ္တာတွေနဲ့အတူ
ရင်ခုန်သံစည်းချက်တူညီစွာနဲ့
ဘ၀ပန်းတိုင်ကိုအတူလျောက်လှမ်းရင်း...

No comments: