Wednesday, December 2, 2015

ချစ်သောဒီဇင်ဘာ

အချိန်မှန်ရောက်လို့လာပြန်ပြီပေါ့
ဟိုး...ငယ်စဉ်အခါဆောင်းညတွေဟာတော့အေးချမ်းခဲ့ဖူးသလို
မြူဆိုင်းတဲ့ဆောင်းမနက်ခင်းတွေဟာလည်း
သံစဉ်တစ်ပုဒ်လိုလှပခဲ့ဖူးပါတယ်...
ဒီလိုချမ်းအေးတဲ့ဆောင်းမနက်ခင်းမှာ
မွေးဖွားခဲ့သူကိုယ့်အတွက်
ဒီရာသီကိုပို့လို့လွမ်းမောမိတယ်
ကိုယ့်ဆုတောင်းသံသူမကြားနိုင်တာလား
သူဖွင့်ပြောတဲ့ဂီတသံကို...ကိုယ်မလိုက်နိုင်တာလား
ခုလိုအချိန်ခါနှင်းပျောက်ပြီးမြူခိုးကင်းသော
လွမ်းမောဖွယ်ဆောင်းညနေခင်းမှာတော့
ကျတော့နှလုံးသားအေးခဲရင်း
ဒီဇင်ဘာမှာကိုယ်တစ်ယောက်ထဲပါပဲ...

No comments: