Saturday, October 26, 2019

သမီးလေးအတွက်...မှတ်စု ၁


သမီးလေးမျက်နှာစမြင်လိုက်ရတဲ့အချိန်ကစလို့သမီးလေးဟာမေမေ့ရဲ့အရာအားလုံးပါ...သမီးလေးပျော်ရင်မေမေပျော်သလိုသမီးလေးငိုရင်မေမေစိတ်ညှိုးနွမ်းရတယ်..သမီးလေးကိုထားခဲ့ပြီးမေမေအလုပ်လုပ်ဖို့ထွက်ခွာလာခဲ့တဲ့နေ့ဟာမေမေဘဝရဲ့မမေ့နိုင်သောနေ့ရက်လေးပါ...အဲ့ဒီနေ့မနက်ခင်းကသမီးလေးအိပ်ပျော်နေခဲ့တယ်...အနမ်းတွေပေးပြီးထွက်ခွာလာရတဲ့မေမေ့ရင်ကနာကျင်လွန်းလှပါတယ်...သမီးလေးနဲ့ခွဲပြီးအလုပ်လုပ်နေခဲ့တာမှန်သလားမှားသလားဒီကနေ့အထိမဝေခွဲနိုင်ခဲ့ပေမယ့်မေမေဆုံးဖြတ်ချက်ချလိုက်တဲ့အရာတိုင်းကသမီးလေးအတွက်ပါ...မေမေ့သမီးကိုအကောင်းဆုံးတွေပေးချင်တယ်...မေမေလက်တွေနဲ့မေမေနိုင်သမျှအားတွေနဲ့ပြုစုပျိုးထောင်နိုင်ဖို့အတွက်အခိုင်အတန့်တခုအထိခွဲနေရအုံးမယ်...သမီးလေးအပေါ်မှာထားရှိတဲ့မေမေရဲ့အချစ်မေတ္တာတွေကိုတနေ့မှာသမီးလေးခံစားနားလည်နိုင်ပါစေကွယ်...ဘိုးဘိုးဘွားဘွား၊ဦးဦးဒေါ်ဒေါ်တွေရဲ့မေတ္တာတွေနဲ့ချစ်သမီးလေးကျန်းမာပျော်ရွှင်ပါစေကွယ်....

No comments: