Monday, March 27, 2017

စိတ်ကူးအိမ်


သစ်ရွက်ကလေးတွေ
လေတိုက်တိုင်းမကြွေ
ဘ၀အတွေ့အကြုံ
အလှည့်အပြောင်းတွေကြားမှာ
နှလုံးသားကလေယူရာမယိမ်း
ရှေ့ဆက်ရမယ့်အနာဂတ်တွေကို
အတူတူဆေးရောင်စုံခြယ်
တည်ငြိမ်ရင့်ကျက်တံ့
စာမျက်နှာတွေအပေါ်မှာ
အလှဆုံးနဲ့ကျက်သရေအရှိဆုံး
ချစ်မြတ်နိုးချင်းများစွာဖြင့်
နေ၀င်ချိန်အထိလက်ချင်းတွဲလို့
ရိုးရိုးလေးဖြတ်သန်းကြမယ်လေ…

No comments: