Sunday, November 15, 2015

မငိုပါနဲ့ချစ်သူ

ပါးထက်မှာမျက်ရည်မစိုပေမေယ့်,
ရင်ထဲကမင်းရဲ့ငိုကြွေးသံ,
အိပ်ပျက်ညတွေအလယ်,
နာကျင်ကြေကွဲစွာလွမ်းဆွတ်သံ,
အစွဲလန်းကြီးလွန်းတဲ့,
နူးညံ့သိမ်မွေ့သောမင်းနှလုံးသား,
နာကျင်မှုများစွာနဲ့,
ဆူးနစ်သွားသောမင်းရဲ့ဘယ်ဘက်ရင်အုံ,
မငိုပါနဲ့ချစ်သူ မျက်ရည်ဆိုတာ...ခံစားနားလည်နိုင်သူတွေအတွက်တော့,
ပုလဲလုံးတွေသီကုံးထားပေမယ့်,
တစ်ပါးသူအတွက်တော့...ဆားငံပင်လယ်ရေ,
ပန်ချင်စေလိုလို့...ခူးပေးခဲ့ပေမယ့်,
မလိုလို့ပစ်ပယ်ခဲ့တဲ့နှလုံးသားကို,
ဒဏ်ရာများနှင့်အတူသိမ်းဆည်းမထားပါနဲ့...
15.11.2015

No comments: