Tuesday, July 22, 2008

ဆုံဆည်းရာ

ကြယ်ရောင်စုံလင်းလက်နေတဲ့ကောင်းကင်ဟာ.......
ပင်လယ်လေကို
တပ်မက်စွာ
နမ်းခဲ့ဖူးတယ်
သက်တန့်တွေဟာ
မိုးကုတ်စက်ဝိုင်းကို မုန်းတယ်တဲ့
အဲဒီလို.......
ဖြစ်ချင်တာတွေဟာ
ဖြစ်နေတာတွေနဲ့ မတူညီခဲ့ပါ။

စကြာဝဠာကြီးထဲက
ဥက္ကာခဲအပိုင်းအစတွေဟာ
ဦးတည်ချက်မဲ့ လွင့်မျောရင်းကပဲ
တစ်ခုနဲ့တစ်ခုတိုက်မိနေကြတယ်......

ကမ္ဘာကြီးက
စကြာဝဠာ လောက်မကြယ်ပေမယ့်
ဘာလို့များ
မင်းနဲ့ငါ လွဲနေရတာလဲ.......

တလွင့်လွင့်လှုပ်ခတ်နေတဲ့
ပြက္ခဒိန်ကို လှမ်းမျှော်ရင်း
ကိုယ်အလွမ်းကြီးလွမ်းနေမိပါတယ်
ချစ်သူရယ်.......

No comments: